Wednesday, February 16, 2011

စေတနာကောင်းသော အဘိုးအို

အရွယ်အိုမင်းနေပြီဖြစ်သော အဖိုးအိုကြီးတယောက် သစ်ပင်စိုက်နေတာကို... တိုင်းခန်းလှည့်လည်နေတဲ့ မင်းသားလေးတပါးကတွေ့တော့ ... ပုံပြင်လေးထဲကအတိုင် စပ်စုတော့တာပေါ့ ...

"အဖိုး... ဘာသစ်ပင်စိုက်နေတာလဲဗျ"

"အေးကွယ်... ကျွန်းပင်စိုက်နေတာကွဲ့"

"ဟာ... အဖိုးကလည်း အသက်အရွယ်ဒီလောက်ရောက်နေပြီ ဒီအပင်ကြီးလာရင် အဖိုးဘယ်ရှိတော့မလဲ"

"သြော်... အဲဒီအချိန်ဆို မင်းသားလေးလည်း ရှင်ဘုရင်ဖြစ်နေရောပေါ့ကွယ်... အဖိုးစိုက်ခဲ့တဲ့ ကျွန်းပင်လေးတွေကို နိုင်ငံတော်ပိုင်အဖြစ်သိမ်းပြီး နိုင်ငံခြားကို ခုတ်ရောင်းစားရင် ဒေါ်လာတွေ၊ ယွမ်တွေ အများကြီးရလိမ့်မယ်... အဖိုးရဲ့မြေးလေးတွေ လာခုတ်ရင်လည်း... သစ်တစ်ပင်ထောင်ဆယ်နှစ် ချလို့ရတယ်ကွဲ့... မင်းသားလေးတို့အတွက်ပါကွယ်"

ယွန်းခေတ်

0 comments:

Post a Comment

 
;